သရက်ချောင်းမြို့၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

သရက်ချောင်း အောက်တိုဘာ ၂၅

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအ​ဝေးကို ယမန်နေ့ နံနက်(၁၀)နာရီက တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး (အစည်းအဝေး)ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းက မ​ကြာမီကျင်းပမည့် အထွေထွေရွေးကောက်ပွဲ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အတွက် နိုင်ငံတော်မှ ချမှတ်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ရန် လိုကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးရှုထိုနှင့် အတွင်းရေးမှူး ဒေါ်သဉ္ဇာလွင်တို့က အသက်(၆၀)နှင့် အထက် သက်ကြီးရွယ်အိုများ နေအိမ်တွင် ကြိုတင်မဲပေးနိုင်ရေးကို အောက်တိုဘာ (၂၉)ရက်မှ နိုဝင်ဘာ(၅)ရက်နေ့အထိ အပြီးဆောင်ရွက်ရန်၊ ကျန်းမာရေးမကောင်းသူများ ကြိုတင်မဲပေးနိုင်ရေး၊ ဆန္ဒမဲ လက်မှတ် အချိန်မီဖြန့်ဝေနိုင်ရေး၊ မဲရုံနှင့် ပတ်သက်၍ လိုအပ်သည့်အဆင့်ဆင့်ကို တက်ရောက်လာသည့် ရပ်​/ ကျေး ကော်မရှင်အဖွဲ့ခွဲများအား ချပြရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

သရက်ချောင်း(ပြန်/ဆက်)