မိုးညိုမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်စည်ပင်သာယာဈေးအတွင်း မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်

မိုးညို      အောက်တိုဘာ      ၂၅

ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ မိုးညိုမြို့နယ် မီးသတ်ဦးစီးဌာနမှ ၀န်ထမ်းများနှင့် တာ၀န်ရှိသူများက မိုးညိုမြို့၊ ဇောတိကရပ်ကွက်ရှိ မြို့နယ်စည်ပင်သာယာဈေးအတွင်း မီးဘေးကြိုတင်  ကာကွယ်ရေးအတွက် ဆောင်ရွက်ထားရှိမှုများအား ယမန်နေ့ မွန်းလွဲ ၁ နာရီ အချိန်က စစ်ဆေးဆောင်ရွက်ခဲ့သည်။

မီးသတ်ဦးစီးဌာန အနေဖြင့် ပြည်သူလူထုအား မီးဘေးအန္တရာယ်အပါအ၀င် သဘာ၀ဘေး အန္တရာယ်နှင့် အခြားသော မတော်တဆမှုများ ဖြစ်ပွားပေါ်ပေါက်လာပါက အလျင်အမြန် ဆောင်ရွက်ပေးခြင်း၊ မီးဘေးအန္တရာယ် မဖြစ်ပွားစေရေးနှင့် မီးလောင်မှုကြီးများ မပေါ်ပေါက်စေရေးအတွက် မီးသတိမူရေး၊ မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများအား အရှိန်အဟုန်တိုး မြှင့်ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

စည်ပင်သာယာဈေးအတွင်း စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ၀န်ထမ်းများ၊ အရန်မီးသတ် တပ်ဖွဲ့၀င်များ၊ မြို့နယ်လျှပ်စစ်ဦးစီးမှူးရုံး၊ စည်ပင်သာယာဈေး တာ၀န်ခံနှင့် ဈေးကော်မတီ၀င်များ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးနှင့် အဖွဲ့၀င်များက  မီးသတ်ပစ္စည်း ကိရိယာများ ထားရှိမှုအ‌ခြေအနေ၊ ပေါက်ကွဲမီးလောင်နိုင်သော ပစ္စည်း များနှင့် လောင်စာဆီ သိုလှောင်ခြင်း ရှိ/မရှိ၊ လျှပ်စစ်သွယ် တန်း မှုစနစ် တကျရှိ/မရှိ၊ မီးသတ်ဆေးဘူးများအား စနစ် တကျထားရှိမှု ရှိ/မရှိ၊ ဈေးအတွင်းထားရှိသည့် မီးသတ်စက်နှင့် ရေပိုက်များ ကောင်းမွန်မှုရှိ/မရှိ၊ ဈေးပတ်၀န်း ကျင် မီးဘေးအန္တရာယ်စိုးရိမ်ရမှုရှိ/မရှိတို့အား စစ်ဆေးခြင်းနှင့် မီးဘေးလုံခြုံရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုမင်း(မိုးညို)