ခေါင်လန်ဖူးမြို့နယ်တွင် မဲရုံလုံခြုံရေးတာဝန် ထမ်းဆောင်မည့် အထူးရဲ (၃၆)ဦးအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ Test Kit ဖြင့်စစ်ဆေး

ခေါင်လန်ဖူး    အောက်တိုဘာ      ၂၅

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် မဲရုံအသီးသီး၌ လုံခြုံရေးတာဝန်ထမ်းဆောင်မည့် အထူးရဲ(၃၆)ဦးတို့ကို STANDARD Q Rapid Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိကို ယမန်နေ့က စစ်ဆေးပေးခဲ့သည်။

ထိုသို့ Test kit ဖြင့် စစ်ဆေးပေးရာတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဂွမ်ဆိုင်းလီနှင့် ကျန်းမာရေးမှူး ဦးသက်နိုင်ထွန်း တို့က ခေါင်လန်ဖူးမြို့မ ရဲစခန်းတွင် သွားရောက်စစ်ဆေးခဲ့ရာ အထူးရဲ(၃၆)ဦးလုံး ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိကြောင်း မြို့နယ်ဆရာဝန်ကြီးထံမှ သိရသည်။

ငြိမ်းအိအိဖြိုး(ပြန်/ဆက်)