မိုင်းနောင်မြို့တွင် မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းများအား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်

မိုင်းနောင်     အောက်တိုဘာ    ၂၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့တွင် ကိုဗစ်-၁၉ ကုစားမှု အစီအစဉ်ဖြင့် စိုက်ပျိုးထားသော မိုးစပါးမျိုးစေ့ ထုတ် စိုက်ခင်းများအား  ယမန်နေ့၊ မွန်းလွဲ (၂)နာရီ အချိန်က ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်မျိုးစေ့တာဝန်ခံ ဒေါ်မိမိလှိုင်၊ ခရိုင်ဦးစီးမှူး ဒေါ်နန်းစောမြနှင့် ခရိုင်အဆင့် မျိုးစေ့တာဝန်ခံ၊ ပိုးမွှားတာဝန်ခံ၊ မြေအသုံးချရေး တာဝန်ခံများနှင့်အတူ မြို့စိုက်ပျိုးရေးဦးစီးမှူး ဦးသိန်းဇော်ဦးတို့သည် မျိုးစေ့ထုတ်စိုက်ခင်းများ ကွင်းဆင်းစစ်ဆေးခြင်း၊ မျိုးကွဲပယ်ခြင်းများ ပြုလုပ်စေခြင်း၊ ပိုးမွှားအန္တရာယ်ကာကွယ်နိုင်ရေး နည်းလမ်းများ၊ ပိုးသတ်ဆေး စနစ်တကျသုံးစွဲခြင်း နည်းလမ်းများ အသိပညာပေးခြင်း ဆောင်ရွက်ခဲ့သည်။

ဆက်လက်၍ မိုင်းနောင်မြို့တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP) အစီအစဉ်အရ စိုက်ပျိုးထားသော မျိုးစေ့ထုတ် စိုက်ခင်းများနှင့်(GAP)လက်မှတ်ရ ယာစပါးစိုက်ခင်းများသို့ ကွင်းဆင်း စစ်ဆေးကာ စိုက်ပျိုးတောင်သူများနှင့် စိုက်ပျိုးရေးဌာနမှ ဝန်ထမ်းများ ပူးပေါင်း၍ စိုက်ပျိုးသီးနှံများ အထွက်တိုးရေး၊ ပိုးမွှားအန္တရာယ် ကာကွယ်ရေးနှင့် ပိုးသတ်ဆေးများ စနစ်တကျ သုံးစွဲတတ်စေရေးကို လက်တွေ့သရုပ်ပြခြင်းများ ပြုလုပ်ကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

မိုင်းနောင် (ပြန်/ဆက်)