သရက်ချောင်း အောက်တိုဘာ ၂၅
တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့ မြို့မစျေး၌ စျေးရောင်းချသူများနှင့် စျေးဝယ်လာသူများအား ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်း က ကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါ ကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေနှင့် အဖွဲ့ဝင်များ၊ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဦးနိုင်ဝင်း၊ မြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာ ပုညနှင့် ကျန်းမာရေး ဝန်ထမ်းများက မြို့မစျေးအတွင်း ဖွင့်လှစ်ရောင်းချနေမှု အခြေအနေနှင့် ဆောင်ရွက်ထားရှိမှု အခြေအနေများအား သိရှိစေရန် စျေးအတွင်း လှည့်လည် စစ်ဆေးခဲ့ကြသည်။
ထို့နောက် အဆိုပါအဖွဲ့မှ ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန် ချက်များ နှင့်အညီ စနစ်တကျဆောင်ရွက်ကြရန်၊ စျေးရောင်း၊ စျေးဝယ်များ Mask တပ်ဆင်ဆောင်ရွက်ရန်၊ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေးအတွက် ဆွေးနွေးခဲ့ကြပြီး လိုအပ်သည်များအား လမ်းညွှန်မှာကြားပေးခဲ့ကြကြောင်း သိရသည်။
သရက်ချောင်း(ပြန်/ဆက်)