မိုးနဲ အောက်တိုဘာ ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ် (CERP) ဖြင့် စိုက်ပျိုးထားသော နမ့်မော်ဆွမ့်ကျေးရွာအုပ်စု ကွင်းအမှတ် (၉၈) ဦးပိုင် ၃၄ ရှိ တောင်သူ ဦးစိုင်းသန်းထွန်း စိုက်ပျိုး ထားသော DU-12 မိုးစပါး (CS-RS)မျိုးစေ့ထုတ် စိုက်ခင်းနှစ်ဧကတွင် စံကွက်ရိတ်သိမ်းခြင်းကို ယနေ့ နံနက် ၉ နာရီ အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မိုးစပါးစံကွက်ရိတ်သိမ်ရာနေရာသို့ လင်းခေးခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်းဦးစီးမှူး ဦးမျိုးမင်းသန်း၊ ခရိုင် မျိုးစေ့တာဝန်ခံ ဒေါ်နှင်းနှင်းဖြူနှင့် မိုးနဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မော်ဦးနှင့် ဝန်ထမ်းများ၊ မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ တာဝန်ရှိသူများက ဒေသခံတောင်သူများနှင့်ပူးပေါင်း၍ (၆ ဒသမ ၆ ပေ) စံကွက်ရိတ်သိမ်းခြင်း ကွင်းဆင်းဆောင်ရွက်ခဲ့ရာ တောင်သူ ဦးစိုင်းသန်းထွန်း စိုက်ပျိုးထားသော လယ်မြေတွင် တစ်ဧကပျမ်းမျှ အစိုတင်း ၁၁၇ ဒသမ ၁၅ တင်းထွက်ရှိပြီး ယခုအခါ မိုးစပါးများ ရိတ်သိမ်းတော့မည် ဖြစ် သောကြောင့် မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းများ အလေအလွင့် မရှိစေရေး၊ စနစ်တကျ ရိတ်သိမ်းနိုင်ရေး၊ မျိုးရောမှုမရှိစေ ရေးနှင့် ရရှိလာသည့် မျိုးကောင်းမျိုးသန့် မျိုးစေ့များ ကို စနစ်တကျ သိုလှောင်ထိန်းသိမ်းထားရှိ၍ လိုအပ်သော တောင်သူများအား ဆက်လက် ဖြန့်ဖြူးပေးနိုင်ရေး ကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်းသိရသည်။
မိုးနဲမြို့နယ်တွင် CERP အစီအစဉ်နှင့် စိုက်ပျိုးထား DU-12 မိုးစပါးမျိုးစေ့ထုတ်ဧက ၆၀ ၊ မိုးစပါးလယ်ဧက ၉၅၉၅ ဧက နှင့် မိုးစပါးယာဧက ၈၇၂ ဧကစိုက်ပျိုးထားရှိကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မျိုးညွန့်ရွှေ (မိုးနဲ)