ကျောက်တံတား အောက်တိုဘာ ၂၅
ကျောက်တံတားမြို့နယ် ၃၈ လမ်းရှိ Community Based Facility Quarantine Center (ပြည်သူအခြေပြု အသွားအလာကန့်သတ်စောင်ကြည့်နေရာသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် အလှူငွေနှင့် ပစ္စည်းများကို မြို့နယ်အတွင်းရှိ ပြည်သူများနှင့် အလှူရှင်စေတနာရှင်များမှ နေ့စဉ်လာရောက်လှူဒါန်း ပေးလျက်ရှိရာ ယမန်နေ့ နေ့လယ်က LibyCompany က Quarantine Centre အတွက် တန်ဘိုးငွေကျပ်(၇၆၀၀၀ဝိ/-)(ကျပ်-ခုနှစ်သိန်းခြောက်သောင်း) တန်ဘိုးရှိ PPE ဝတ်စုံ(၄၀)၊ Liby ပိုးသတ်ဆေးဘူး (၆၀) ဘူးတို့အား လာရောက် လှူဒါန်းမှုအား တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်မြလှစံနှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမြင့်နှင့်အဖွဲ့က လက်ခံရယူခဲ့ကြောင်း သိရသည်။
ထို့ပြင်တရုတ်-မြန်မာကုန်သည်ကြီးများအသင်း ဒု-ဥက္ကဋ္ဌ ဦးတင့်နိုင်က ငွေကျပ်(၅၈၂၀၀ဝိ/-)(ကျပ်ငါး သိန်းရှစ်သောင်းနှစ်ထောင်)တန်ဘိုးရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများဖြစ်သည့် Liby လက်ဆေးဆပ်ပြာရည်(Sea Salt) ၂ ပါကင်၊ Liby Bleach ၂ ပါကင်၊ Vewin Toilet Cleaner ၂ ပါကင်၊ Vinda Wet Tissue ၂ ပါကင်၊ Vinda Tissue Big ၂ ပါကင်တို့ကိုပါ လာရောက်လှူဒါန်းခဲ့ရာ Community Based Facility Quarantine Centre မှ တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
ရွှေနန်းမေ