ဗိုလ်တထောင်မြို့နယ်တွင် ပရိယတ္တိစာသင်တိုက်များသို့ အလှူငွေနှင့် အခြေခံစားသောက်ကုန်များ လှူဒါန်း

ဗိုလ်တထောင် အောက်တိုဘာ ၂၅

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရန် stay at home ကာလတွင် သံဃာတော်များ ဆွမ်းကိစ္စအဆင်ပြေ စေရန် ဗိုလ်တထောင်မြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်(၁၃)တိုက်သို့ အမှတ်()ရပ်ကွက် အင်္ဂါပတ်သံင်္ဃဒါန ဆွမ်းလောင်းအသင်းအဖွဲ့နှင့် အလှူရှင်များက ဆန်၊ ဆီ အခြေခံစားသောက်ကုန်များနှင့် ဝတ္ထုငွေများကို ယနေ့ နံနက်() နာရီက သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ ကြောင်း သိရသည်။

ထိုသို့လှူဒါန်းရာတွင် အမှတ်()ရပ်ကွက်(၆၂)လမ်းနေ ကိုရန်နောင်လင်းနှင့်ဇနီး မနှင်းဝေဝေဦးတို့က ဆန်တစ်တင်းခွဲအိတ် (၁၃)အိတ်၊ ဆီ(၂၆)ပိဿာနှင့် အလှူငွေကျပ်(၅၃၃၀၀၀)၊ အင်္ဂါပတ်ဆွမ်းလောင်း အသင်းက အလှူငွေကျပ်(၂၁)သိန်းတို့ကို လှူဒါန်းရာ ကျောင်းထိုင်ဆရာတော်ကြီးများက လက်ခံပြီး မေတ္တာပို့သခဲ့ကြောင်း သိရသည်။

ဗိုလ်တထောင်မြို့နယ်တွင် ရပ်ကွက်(၁၂)ရပ်ကွက်ရှိပြီး ဘုန်းတော်ကြီးကျောင်း(၁၆)ကျောင်းရှိရာ အမှတ်()ရပ်ကွက်မှ (၁၃)ကျောင်းသို့ လှူဒါန်းပြီး ကျန်ရပ်ကွက်များမှ ဘုန်းတော်ကြီးကျောင်း() ကျောင်းသို့ လှူဒါန်းလျက်ရှိကြောင်း သိရ သည်။  

သိန်းသိန်း(ဗိုလ်တထောင်)