မြောက်ဥက္ကလာပမြို့နယ် အ.ထ.က(ခွဲ) လ(၁၀) Quarantine Centre သို့ ရေသန့်ကတ်(၁၇၈)ကတ် လာရောက်လှူဒါန်း

မြောက်ဥက္ကလာပ အောက်တိုဘာ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံမြို့သစ်ရပ်ကွက် အ.ထ.က(ခွဲ) လ(၁၀) ကျောင်းတွင် ဖွင့်လှစ်ထားသည့် Quarantine Centre သို့ ကိုဗစ်-၁၉ ရောဂါရှိသူများနှင့် ဆက်စပ်သူများ၊ Volunteer များအတွက် လိုအပ်လျက်ရှိသည့် ရေသန့်ကတ်များကို ယမန်နေ့နံနက်ပိုင်းက အလှူရှင်များမှ လာရောက်လှူဒါန်း ခဲ့ကြောင်း သိရသည်။

ထိုသို့လှူဒါန်းရာတွင် We Love Northokkalapa ပရဟိတအဖွဲ့မှ ရေသန့်ကတ်(၃၅)ကတ်၊ ကိုသက်ထွန်းအောင် မိသားစုက ရေသန့်ကတ်(၂၈)ကတ်၊ ကိုဇင်မျိုးကိုကိုမိသားစုက ရေသန့်ကတ် (၅၀)ကတ်၊ ဦးတင်အောင်မိုးမိသားစုက ရေသန်ကတ်(၅၀)ကတ်၊ ဒေါ်စန်းစန်းဝင်း မိသားစုက ရေသန့်ကတ်(၅၀)ကတ်၊ အမေ့လက်ရာ(ငပိထောင်းစက်ရုံ)မှ ငွေကျပ်(၁)သိန်းနှင့် စေတနာရှင် တစ်ဦးမှ ငွေကျပ်(၅)သောင်းကို လှူဒါန်းရာ ရွှေပေါက်ကံမြို့သစ်ရပ်ကွက် အ.ထ.က(ခွဲ)လ(၁၀) Quarantine centre မှ တာဝန်ခံ ဦးနိုင်ဝင်းက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ခဲ့ကြောင်း သိရသည်။

ရွှေပေါက်ကံမြို့ သစ်ရပ်ကွက်တွင် Quarantine ဝင်ရောက်နေသူများနှင့် Volunteer များအတွက် လိုအပ်ချက်များကို လှူဒါန်းလိုပါက ဆက်သွယ်ရန် ဖုန်း- ၀၉/၄၂၀၁၆၃၇၃၃သို့ ဆက်သွယ်လှူဒါန်းနိုင် ကြောင်း သိရသည်။

မြမြဝင်း (ပြန်/ဆက်)