​ကျောက်တံတားမြို့နယ် Community Based Facility Quarantine Center ​သို့ နံနက်စာ အစားအစာများ လာ​ရောက်လှူဒါန်း​ပေး

​ကျောက်တံတား အောက်တိုဘာ ၂၅

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ​ကျောက်တံတားမြို့နယ် Community Based Facility Quarantine Center​ရှိ အသွားအလာကန့်သတ်ထားသူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအတွက် ယ​နေ့ နံနက်ပိုင်းက တိုရှီဘာ​ကျော်ဝင်းနှင့် ၃၆ လမ်းလူငယ်များအဖွဲ့မှ နံနက်စာအာဟာရဒါနအဖြစ်​ခေါက်ဆွဲ​ကြော်၊ နန်းကြီးသုတ်နှင့်​ ကော်ဖီ ဘူးများ လာရောက်လှူဒါန်း​ပေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ​​ယ​နေ့​ နေ့လယ်စာအတွက် သျှရီ သျှရီ ဟိန္ဒူဘုရား​ကျောင်းနှင့် ည​နေစာအတွက် ​ရွှေ​ညောင်ပင် စား​သောက်ဆိုင် တို့က လာ​ရောက်လှူဒါန်း​ပေးခဲ့​​ကြောင်း သိရသည်။​ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ​ကျောက်တံတားမြို့နယ် Community Based Facility Quarantine Center​ များကို ၃၈ လမ်း Plaza အ​ပေါ်ထပ်(၆)လွှာနှင့် (၇)လွှာတို့တွင် ဖွင့်လှစ် ဆောင်ရွက်ထားရာ အဆိုပါ အသွားအလာကန့်သတ် စောင့်ကြည့်နေရာများသို့ စေတနာရှင်အလှူရှင်များက နေ့စဉ် အလှူငွေ၊ ကာကွယ်ရေးသုံးပစ္စည်းများ၊​ရေသန့်ဘူးများ စားသောက်စရာများကို နေ့စဉ်မပြတ် လာရောက်လှူဒါန်း လျက်ရှိ ပြီး ကျောက်တံတား မြို့နယ်တွင် ​အောက်တိုဘာလ(၂၄)ရက်​နေ့ထိ ကိုဗစ်-၁၉​ ရောဂါ အတည်ပြုလူနာ (၃၁၅)ဦးရှိ ပြီး ပြန်လာသက်သာ​ကောင်းမွန်လာသူ (၉၄)ဦးနှင့်​ သေဆုံးသူ(၁၆)ဦး ရှိပြီဖြစ်​ကြောင်း သိရသည်။

​ရွှေနန်း​မေ