မြောက်ဥက္ကလာပ အောက်တိုဘာ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဆ)ရပ်ကွက် အ.ထ.က(၁)ကျောင်း Quarantine Centre အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အလှူရှင်များက အလှူငွေများနှင့် PPE ဝတ်စုံများကို ယမန်နေ့ နံနက်ပိုင်းက (ဆ)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသို့ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် မြောက်ဥက္ကလာပမြို့နယ် အ.မ.က(၉)ကျောင်း ဆရာမများစုပေါင်း၍ အလှူငွေ ကျပ် (၆)သောင်း၊ မတင်တင်ဦး (၄၉)နှစ်ပြည့် မွေးနေ့အဖြစ် အလှူငွေကျပ်(၁)သိန်း၊ ကွယ်လွန်သူ ကိုချမ်းသာဦးအား ရည်စူး၍ ရွှေချမ်းသာ ဒေါင်းမင်းကုမ္ပဏီမှ PPE ဝတ်စုံ(၂၀)စုံကို လာရောက်လှူဒါန်းရာ (ဆ)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဒေါ်ထက်ထက်ဝင်းက လက်ခံရယူခဲ့ကြောင်း သိရသည်။
ဆက်လက်၍ (ဆ)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဒေါ်ထက်ထက်ဝင်းက အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်း လွှာများ ပြန်လည် ပေးအပ်ခဲ့ပြီး Quarantine Centre အတွက် ဆက်လက်လှူဒါန်းလိုသူများရှိပါက ဖုန်းနံပါတ် ၀၉-၂၅၂၄၂၉၈၈၃ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
မြမြဝင်း(ပြန်/ဆက်)