လှိုင်သာယာ(အနောက်ပိုင်း) အောက်တိုဘာ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အပြင်ပဒံကျေးရွာအုပ်စု ကျွန်းကြီး ကျေးရွာရှိ စီမံကိန်းမြေနေရာအား ယနေ့ နံနက် (၉:၃၀) နာရီခန့်က တာဝန်ရှိသူများ ကွင်းဆင်း ကြည့်ရှု စစ်ဆေးသည်။
အဆိုပါ ကွင်းဆင်းကြည့်ရှုရာတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမိုးဟိန်း၊ ရန်ကုန်တိုင်း ဒေသကြီးမြို့ပြနှင့် အိုးအိမ်ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးယုခင်၊ ရန်ကုန်မြောက်ပိုင်းခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးသိန်း၊ ရန်ကုန်မြောက်ပိုင်းခရိုင် စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးဝင်းမောင်၊ လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်းနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ရဲမှူးအောင်သန်းဦးနှင့် တာဝန်ရှိသူ များတို့မှ စီမံကိန်းမြေနေရာရှိ ဌာနဆိုင်ရာရုံးများ ဆောက်လုပ်မည့် မြေနေရာ အား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြသန္တာဝင်း(ပြန်/ဆက်)