မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာနှစ်ဦး ဆေးရုံဆင်းခွင့်ရ

သပိတ်ကျင်း အောက်တိုဘာ ၂၅

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာနှစ်ဦး ယနေ့ နံနက်ပိုင်းက ဆေးရုံဆင်းခွင့်ရပြီဖြစ်ကြောင်း သပိတ်ကျင်းမြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ ကိုဗစ်-၁၉ အတည်ပြုလူနာနှစ်ဦးမှာ လက်ပန်ကုန်းကျေးရွာမှ အသက်(၂၁)နှစ်နှင့် (၂၅)နှစ် အမျိုး သမီးလူနာနှစ်ဦး ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် စက်ရုံလုပ်ငန်းမှ ပြန်လာသူများဖြစ်ကာ သပိတ်ကျင်းမြို့နယ်၊ လက်ပန်ကုန်းကျေးရွာတွင်  အသွားအလာကန့်သတ်ထားရှိပြီး ၎င်းတို့နှစ်ဦး၏ Swab နမူနာ ရယူစစ်ဆေးရာ ရောဂါပိုးတွေ့ ရှိသဖြင့် အောက်တိုဘာ(၁၃)ရက်နေ့က သပိတ်ကျင်းမြို့၊ ပြည်သူ့ ဆေးရုံတွင် တက်ရောက်ခဲ့ပြီး ယနေ့တွင် လူနာနှစ်ဦးမှာ ရောဂါပျောက်ကင်းပြီဖြစ်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဆေးရုံမှဆင်းခွင့်ရခဲ့ပြီး ၎င်းတို့၏ နေအိမ်တွင် (၇)ရက် အသွားအလာ ကန့်သတ်ထားရှိမည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

သပိတ်ကျင်းမြို့ ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ အတည်ပြုလူနာ(၃)ဦး တက်ရောက် ဆေးကုသမှုခံယူနေပြီး နှစ်ဦးမှာ ဆေးရုံမှ ဆင်းခွင့်ရပြီဖြစ်ကြောင်း သိရသည်။

စိုးနိုင်ဝင်း(ပြန်/ဆက်)