အင်္ဂပူမြို့နယ်‌ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲများသို့ မဲရုံသုံးပစ္စည်းများထုတ်ပေး

အင်္ဂပူ အောက်တိုဘာ ၂၅

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲအား အင်္ဂပူမြို့နယ်တွင် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်‌ရန် အင်္ဂပူမြို့နယ် ကော်မရှင်အဖွဲ့ခွဲရုံးမှ ဒေသအလိုက် ရပ်ကွက်၊ ကျေးရွာကော်မရှင် အဖွဲ့ခွဲများမှ တာဝန်ရှိသူများအား ယမန်နေ့က မဲရုံသုံးပစ္စည်းများအား ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ထိုကဲ့သို့ ထုတ်ပေးရာတွင် ရွေးကောက်ပွဲအတွက် မဲရုံများတည်ဆောက်ရာ၌ သိရှိရမည့် မဲရုံအခင်း အကျင်းပုံစံများ  (ပုံစံ-၁) (ပုံစံ-၂)၊ မဲရေတွက်ခြင်း အခင်းအကျင်းနမူနာ ပုံစံအစရှိသည့် အသိပညာပေး ဗီနိုင်းများနှင့် မဲပုံးများ၊ ဆန္ဒပြုခန်းများ စ‌သော မဲရုံသုံးပစ္စည်းများအား ထုတ်ပေးခဲ့ကြောင်းနှင့် မဲရုံသုံးပစ္စည်းများကို ဒေသတစ်ခုချင်းအလိုက် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

အင်္ဂပူမြို့နယ်အတွင်း၌ လျာထားမဲရုံ ၁၆၉ ရုံရှိပြီး မဲဆန္ဒပေးပိုင်ခွင့်ရှိသူ ၁၆၃၈၅၉ ဦးခန့်ရှိကြောင်း သိရသည်။

မန်းကျော်(ပြန်/ဆက်)