ကလေး အောက်တိုဘာ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်တွင် CERP အစီအစဉ်ဖြင့် စိုက်ပျိုးသော ဧရာမင်းမိုးစပါး စိုက်ပျိုးကွက်များအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့ နံနက်ပိုင်းတွင် ပျဉ်းခုံကြီးကျေးရွာနေ အခြားတောင်သူများ၏ စိုက်ပျိုးကွက်များအား ဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ကလေးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးရိုကုန်းနှင့် တာဝန်ရှိသူများက ဧရာမင်းမိုးစပါး စိုက်ပျိုးကွက်အတွင်း မျိုးကွဲပါဝင်မှုရှိ/မရှိ၊ ရောဂါပိုးမွှား ကျရောက်မှုရှိ/မရှိ စစ်ဆေးပြီး မျိုးကောင်းမျိုးသန့်စပါးများ ထုတ်လုပ်တင်ပို့ ရောင်းချနိုင်ရန်နှင့် အရည်အသွေး ကောင်းမွန်သော သီးနှံများ ထုတ်လုပ် သုံးစွဲနိုင်ရေးအတွက် တက်ရောက်လာကြသည့် တောင်သူများအား မှာကြားခဲ့ကြသည်။
၂၀၂၀ ပြည့်နှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်အတွင်း CERP အစီအစဉ်အရ ဧရာမင်း မိုးစပါး(၅၁၀)ဧက၊ ဆင်းသုခ(၉၀)ဧက စုစုပေါင်းဧက(၆၀၀)တို့ကို စိုက်ပျိုးခဲ့ကြောင်းနှင့် မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာနအနေဖြင့် မျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ငွေများ ပေးအပ်ခြင်း၊ မျိုးစေ့များ အဆင့်အတန်းပြည့်မီစေရန်အတွက် နေ့စဉ်ကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထန်းဖုန်(ပြန်/ဆက်)