မြစ်သားမြို့၌ အထူးရဲ သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

မြစ်သား အောက်တိုဘာ ၂၈

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ()ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲတွင် မဲရုံလုံခြုံရေး ဆောင်ရွက်မည့် အထူးရဲ တပ်ဖွဲ့ဝင်များ သင်တန်းဆင်းပွဲကို ယနေ့နံနက်()နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။

သင်တန်းဆင်းပွဲတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းထွန်းက သင်တန်းဆင်းမိန့်ခွန်းအား ဖတ်ကြား ကာ မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှု ကော်မတီဉက္က မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မိုးနှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဦးကျော်ဝင်းတို့က အထူးရဲများ ထမ်းဆောင် ရမည့်တာဝန်များနှင့် လုပ်ငန်းစဉ်များ၊ လိုက်နာရမည့်အချက်များ၊ ကိုဗစ်၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင်အညီ ဆောင်ရွက်ရေး အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ အထူးရဲသင်တန်းကို မြစ်သားမြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် (၁၁၂၀၂၀) ရက်နေ့မှ (၂၈၁၀၂၀၂၀) ရက်နေ့အထိ ဖွင့်လှစ် သင်ကြားပေးခဲ့ပြီး မြစ်သားမြို့နယ်တွင် ရပ်ကွက် ကျေးရွာအုပ်စု (၉၂) အုပ်စုရှိကာ မဲရုံပေါင်း (၂၀၀) ရုံထားရှိ ဆောင်ရွက်မည်ဖြစ်ပြီး အဆိုပါမဲရုံများ လုံခြုံရေး အတွက် အထူးရဲ (၂၀၁) ဦးအား ခန့်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆုမွန်(ပြန်/ဆက်)