ဟိုပင် အောက်တိုဘာ ၂၈
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့တွင် ယမန်နေ့ နံနက် ၈ နာရီတွင် ကိုဗစ်-၁၉ ကြိုတင် ကာကွယ်ရေး ကာလအတွင်း လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များနှင့်အညီ ဆိုင်ထိုင်ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်းသိရသည်။
မိုညှင်းမြို့နယ်ကို အောက်တိုဘာ ၂၀ ရက်က ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကိုဗစ်-၁၉ ကြိုတင် ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက Stay at home ကာလအဖြစ် ထုတ်ပြန် ကြေညာခဲ့သဖြင့် မြို့အဆင့် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ဥက္ကဋ္ဌ ဦးဝေလင်းအောင်နှင့် အဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးတင်ကိုကိုနှင့် ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးညီနိုင်နှင့် အဖွဲ့၀င်များ စုပေါင်း၍ ၄င်းဆိုင်များအား ပါဆယ်စနစ်ဖြင့် ရောင်းချခွင့်ပြုထားရာမှ ဆိုင်ထိုင်ရောင်းချခြင်းရှိမရှိကို ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။ ၄င်းနောက် ဟိုပင်မြို့မစျေးကြီးတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အစီအမံများနှင့်အညီ စျေးရောင်းသူ စျေး၀ယ်သူများ လိုက်နာခြင်း ရှိ/မရှိကို ကွင်းဆင်းစစ်ဆေး ခဲ့ကြကြောင်း သိရသည်။
တိုးတိုးမေ(ဟိုပင်)