သဲကုန်း အောက်တိုဘာ ၂၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် ယနေ့ နံနက်(၈)နာရီအချိန်က သဲကုန်းမြို့၊ ရပ်ကွက်(၃)၊ ထန်းရင်းအမကကျောင်းတွင် အထူးရဲများ သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့ရာ သင်တန်း ဆင်းပွဲသို့ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဟန်သိန်း၊ မြို့နယ်ပညာရေးမှူး ဦးဌေးဝင်း၊ မြို့နယ်ထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဝေဖြိုးကျော်၊ မြို့နယ်ပြန်/ဆက်ဦးစီးမှူး ဦးနိုင်လင်းနှင့် တာဝန်ရှိသူများ၊ရွေးကောက်ပွဲတွင် လုံခြုံရေးဆောင်ရွက်မည့် အထူးရဲများ စုစုပေါင်း အင်အား ၃၀ ဦးခန့် တက်ရောက်ခဲ့သည်။
သင်တန်းဆင်းပွဲတွင် ရဲမှူးဟန်သိန်းမှ သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး ဆက်လက်၍ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ဟန်သိန်းမှ အထူးရဲများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ကာ အခမ်းအနား အား ရုပ်သိမ်းခဲ့သည်။
အဆိုပါသင်တန်းကို အောက်တိုဘာ ၁ ရက်နေ့မှ အောက်တိုဘာ ၂၈ ရက်နေ့အထိ သင်ကြားပို့ချပေးခဲ့ပြီး မြို့နယ်အတွင်းရှိ စခန်း(၄)ခုအနက် သက်ဆိုင်ရာ ရဲစခန်းများအလိုက် လူဦးရေ (၃၀)ဦးထက်မပိုသော သင်တန်း(၇)ခုခွဲ၍ ကိုဗစ်-၁၉ ညွှန်ကြားချက်နှင့်အညီ သင်ကြားပို့ချပေးသွားခြင်းဖြစ်ကြောင်း သိရှိရ သည်။
နိုင်လင်း(သဲကုန်းပြန်/ဆက်)