ဒဂုံ(အရှေ့) အောက်တိုဘာ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်ထွေ/အုပ်၊ မြို့နယ်မီးသတ်၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် အရပ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းပါဝင်သော ကိုဗစ်-၁၉ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ကို ဖွဲ့စည်း၍ အသိပညာပေးခြင်း၊ စည်းကမ်းလိုက်နာမှုမရှိသူများအား ဒဏ်ငွေပေးဆောင်စေခြင်းများကို ယမန်နေ့ နံနက် ၈ နာရီကစ၍ မင်းရဲကျော်စွာလမ်းနှင့် ဟံသာဝတီလမ်းထောင့်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
အဆိုပါ အသိပညာပေးနှိုးဆော်ခြင်းနှင့် စည်းကမ်းထိန်း သိမ်းရေး ဆောင်ရွက်မှုကို လမ်းသွားလမ်းလာ များ စက်ဘီး၊ ဆိုင်ကယ်၊ မော်တော်ယာဉ်များပေါ်တွင် စီးနင်းလိုက်ပါလာသူများကို ကိုဗစ်-၁၉ ကာကွယ်ရေးနည်းလမ်းများအား အသိပေးနှိုးဆော်ခြင်း၊ ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကူးစက်ပျံ့နှံ့မှုမရှိစေရေး အတွက် နှာခေါင်းစည်း(mask)ကို စနစ်တကျ တပ်ဆင်ရန်၊ မဖြစ်မနေ နေအိမ်ပြင်ပထွက်ခွာပါက Mask နှာခေါင်းစည်း အလေးထား တပ်ဆင်ကြရန် အသိပေးနှိုးဆော်ခြင်း လိုက်နာမှုမရှိသူများအား ဒဏ်ငွေပေးဆောင်စေခြင်းဖြင့် နှာခေါင်းစည်း Mask တပ်ဆင်ခြင်းအား အလေးထားလိုက်နာမှုရှိစေရန် နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လှလှထွေး(ပြန်/ဆက်)