ညောင်ဦး နိုဝင်ဘာ ၂
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်သည် ယနေ့နံနက် ၉နာရီခွဲအချိန်က ညောင်ဦးခရိုင်၊ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် ညောင်ဦးခရိုင်နှင့်မြို့နယ် ကော်မရှင်အဖွဲ့ခွဲဝင်များနှင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးတွေ့ဆုံ ဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် (တိုင်းဒေသကြီးတာဝန်ခံ) ဦးအောင်မြင့်က ကိုဗစ်-၁၉ ရောဂါ ကာလ ရွေးကောက်ပွဲ ကျင်းပရမှာ ဖြစ်သည့်အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန တို့ ညှိနှိုင်း အစည်း အဝေး ကျင်းပပြုလုပ်ခဲ့ပါကြောင်း၊ နေရပ်မပြန်နိုင်သော မဲဆန္ဒရှင်ပြည်သူများ၊ Quarantine Centre ဝင်ရောက်နေသူများ မဲပေး နိုင်ရေးအတွက် ကြိုတင်ဆန္ဒမဲများ ကောက်ယူ လျက်ရှိပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီ ဆောင်ရွက်ကြရန် လိုအပ်ပါ ကြောင်း၊ အာနည်းချက်၊ လိုအပ်ချက်များရှိပါကလည်း ဝိုင်းဝန်းပြီး ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပရမည် ဖြစ်ကြောင်း၊ စသည်ဖြင့်အဖွင့်အမှာစကားပြောကြားသည်။ပြီးနောက် ညောင်ဦးခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဥက္ကဋ္ဌ ဦးမျိုးသန်း၊ မြို့နယ်ရွေးကောက်ပွကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးချိုဦး တို့က ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များ ပြင်ဆင်ထားရှိမှုများကို ရှင်းလင်းတင်ပြခဲ့ကြသည်။
ဆက်လက်၍ ရွေးကောက်ပွဲအဖွဲ့ခွဲဝင်များက မိမိတို့တာဝန်ယူရသည့် ခရိုင်အဆင့် ရွေးကောက်ပွဲဆိုင်ရာ စီစဉ် ထားမှုများ၊ မြို့နယ် ရွေးကောက်ပွဲအဖွဲ့ခွဲဝင်များက မြို့နယ်အဆင့် ရွေးကောက်ပွဲဆိုင်ရာ စီစဉ်ထားရှိမှုများကို ရှင်းလင်းတင်ပြပြီး တိုင်းတာဝန်ခံမှ နိဂုံးချုပ် စကားပြောကြားခဲ့ကြောင်း သိရသည်။
ကိုထိန်၊KPD