မိုင်းငေါ့၊ နိုဝင်ဘာ ၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ကိုဗစ်-၁၉စီးပွားရေး ကုစားမှု အစီအစဉ်ဖြင့် စိုက်ပျိုးထားသော တာလုံရပ်ကွက်၊ ကွင်းအမှတ်(၆)၊ ဦးပိုင်အမှတ်(၂၁)၊ တောင်သူဦးကျော်ဝင်း၏ ရွှေရင်အေး RS-CS မျိုးစေ့ထုတ်စိုက်ခင်း စံကွက်ရိတ်သိမ်းခြင်းကို ယမန်နေ့နံနက် (၁၀)နာရီ အချိန်ခန့်က မိုင်းငေါ့မြို့စိုက်ပျိုးရေး ဦးစီးဌာန၊ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ တာဝန် ရှိသူများနှင့် တောင်သူများ ပူးပေါင်း ဆောင်ရွက်ခဲ့သည်။
ရွှေရင်အေး RS-CS မိုးစပါးစံကွက်ရိတ်သိမ်းခြင်းကို မိုင်းငေါ့မြို့ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးစိုးဇေယျာမျိုးနှင့်ဝန်ထမ်းများ၊ မြိုလယ်ယာ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှမြို့ဦးစီးမှူး ဦးမြတ်ကိုနှင့် မျိုးစေ့ထုတ်တောင်သူများက မိုင်းငေါ့မြို့ တာလုံရပ်ကွက်ရှိ ကွင်းအမှတ်(၆)၊ ဦးပိုင်အမှတ် (၂၁) တောင်သူ ဦးကျော်ဝင်း၏ လယ်တွင် ကိုဗစ်-၁၉စီးပွားရေးကုစားမှု CERP အစီအစဉ်အရ စိုက်ပျိုးထာသော ရွှေရင်အေး မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းအား အထွက် နှုန်းမှန်ကန်စေရေးအတွက်စံ ကွက်ရိတ်သိမ်းခြင်းကို ပြုလုပ်ဆောင်ရွက်ခဲ့ရာ တစ်ဧက အထွက်နှုန်းအစိုးတင်း(၁၂၉)တင်ထွက်ရှိခဲ့ကြောင်း သိရသည်။
မြင့်သွယ်(ပြန်/ဆက်)