မကွေးတိုင်းဒေသကြီး အုပ်ချုပ်ရေးမှူး ပခုက္ကူမြိုနယ်အတွင်းရှိ မဲရုံနှင့် ယာယီမဲရုံများအား ကြည့်ရှု စစ်ဆေး

ပခုက္ကူ  နိုဝင်ဘာ  ၂

မကွေးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့သည်  ပခုက္ကူ မြို့နယ်အတွင်းရှိ မဲရုံနှင့်ယာယီမဲရုံများအား ယမန်နေ့  နေ့လယ် ၁၂နာရီ အချိန်က ကြည့်ရှု စစ်ဆေးသည်။

မကွေးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးမှူး ဦးဝေဇင်ထွန်းသည်  ပခုက္ကူခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်အံ့မောင်၊ ပခုက္ကူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးခိုင်ထွန်းဇော်တို့နှင့်အတူ  ပခုက္ကူမြို့ အမှတ် ၈ ရက်ကွက်၊ အမှတ်(၁၅)ရပ်ကွက်နှင့် ပခုက္ကူမြို့နယ် မြစ်ခြေမြို့ အမှတ်(၂)၊ အမှတ်(၆)၊ အမှတ်(၇)၊ ရပ်ကွက်များ ရှိမဲရုံများ၊ ယာယီမဲရုံများပြင်ဆင်ထားရှိမှု အခြေအနေများကို လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့သည်။

၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ၈ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် မြို့နယ်ကော်မရှင်အဖွဲ့ခွဲ၊ ရပ်ကျေးကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများအနေဖြင့်  စည်းကမ်းရှိရှိ ညီညီ ညွတ်ညွတ် ဆောင်ရွက်ကြစေလိုကြောင်း၊ ပြဿနာများ၊ အခက်အခဲများ ပေါ်ပေါက်ပါကအချိန်နှင့် တစ်ပြေးညီ တင်ပြကြစေလိုကြောင်း တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူးမှ မှာကြားခဲ့ကြောင်း သိရသည်။

ကိုတမာ(ပြန်/ဆက်)