ပခုက္ကူ နိုဝင်ဘာ ၂
ရေစကြိုမြို့၊ ဖောင်တော်ဦးဘုရား၌ ကိန်းဝပ်စပ္ပာယ်တော်မူလျက်ရှိသော ညီနောင်ဘုရားငါးဆူ ပင့်ဆောင်၍ မြို့တွင်း အပူဇော်ခံနှင့် အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ပူဇော်ပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပသည်။
ဖောင်တော်ဦးဘုရားတွင် ကိန်းဝပ်စမ္ပာယ်လျက်ရှိသော ချမ်းသာကြီး၊ ချမ်းသာရ၊ သက်တော်ရှည်၊ သက်တော်ရ၊ ရွှေတန်ဆာ ညီနောင်ဘုရားငါးဆူအား ပင့်ဆောင်၍ သံဃာတော်အရှင်သူမြတ် ၅ ပါးက အန္တရာယ်ကင်း ပရိတ်တရား တော်များ ရွတ်ဖတ် ပူဇော်ပြီး ဖောင်တော်ဦးဘုရားမှ စတင်ထွက်ခွာ၍ မြို့တွင်း တစ်ပတ်လှည့်လည် အပူဇော်ခံသည်။
ညီနောင်ဘုရားငါးဆူ မြို့တွင်းအပူဇော်ခံနှင့် အန္တရာယ်ကင်းပရိတ် ရွတ်ဖတ်ပူဇော်ပွဲကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ခွင့်ပြု ချက် ဖြင့် ရေစကြိုမြို့၊ အောက်ဆီဂျင်အခမဲ့ကူညီရေးအသင်းက ဦးဆောင်ပြီး ကမ္ဘာ့ကပ်ရောဂါဘေး ကင်းစင်ပပျောက်ရေးနှင့် သီတင်းကျွတ်(ဝါကျွတ်) ကာလ မြို့နေပြည်သူများ မိမိတို့နေအိမ်ရှေ့မှ ဖူးမျှော်ကြည်ညို၍ ကုသိုလ်ယူပွားများနိုင်ရန် ကျင်းပခြင်း ဖြစ်ကြောင်း အောက်ဆီဂျင်အခမဲ့ကူညီရေး အသင်းဥက္ကဋ္ဌ ဦးဝဏ္ဏအောင်၏ ပြောကြားချက်အရ သိရသည်။
ကိုဇော်(ပြန်/ဆက်)