တမူး နိုဝင်ဘာ ၃
စစ်ကိုင်းတိုင်းဒေသကြီး၊တမူးမြို့ နယ်စပ်လမ်းဖောက်လုပ်ရေးစခန်း (BRTF) Quarantine Centre တွင် ကန့်သတ်စောင့်ကြည့်ထားသူ (၇၀) ဦးတို့ထံမှ နှာခေါင်းနှင့်အာခေါင် တို့ဖတ် Swapနမူနာ ရယူခြင်းကို နိုဝင်ဘာ(၃)ရက်နေ့ နံနက်(၁၁) နာရီ အချိန်က ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် တမူးခရိုင် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသူရ နှင့် ကျန်းမာရေးဝန်ထမ်းများက Positive လူနာများနှင့်ထိတွေ့ဆက်စပ်ခဲ့သူ (၅၇)ဦး၊ ပြည်ပပြန် (၁၀)ဦး၊မန္တလေးမြို့မှပြန်ရောက်ရှိသူ(၁)ဦး၊ရန်ကုန်မြို့မှပြန်ရောက်ရှိသူ(၂)ဦး စုစုပေါင်း (၇၀)ဦးတို့၏ နှာခေါင်းနှင့်အာခေါင် တို့ဖတ်နမူနာများ အားကျန်းမာရေးဝန်ထမ်းများက စစ်ဆေး ရယူကြပြီး ၄င်းတို့၏ဓာတ်ခွဲနမူနာများအား မန္တလေးမြို့ရှိ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာနသို့ ပေးပို့စစ်ဆေးသွားမည်ဖြစ်ကြောင်းသိရှိရသည်။
တမူးမြို့တွင် အောက်တိုဘာလ(၁၅)ရက်နေ့မှ ယနေ့ထိ Covid-19 Positive အတည်ပြု လူနာ (၁၉)ဦးရှိပြီ ဖြစ်ပြီး (၆)ဦးမှာ ကျန်းမာ ရေးကောင်းမွန်ပြီး ဆေးရုံမှဆင်းခွင့်ရပြီဖြစ်ရာ တမူးခရိုင် ပြည်သူ့ဆေးရုံတွင် (၁၃)ဦးကျန်ရှိပြီး ပိုးတွေ့လူနာများ ထားရှိသော သီးသန့် အဆောင်တွင် အထူးကြပ်မတ်ကုသလျက်ရှိပြီး ကျန်းမာရေးကောင်းမွန်လျက် ရှိကြောင်း တမူးခရိုင် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသူရ ထံမှ သိရှိရသည်။
ကျော်သူရ(ပြန်/ဆက်)