ပန်းတနော်မြို့နယ်၌ ကြိုတင်ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများ လာရောက်မဲပေး

ပန်းတနော်   နိုဝင်ဘာ  ၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်ပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲ ပေးပိုင်ခွင့် ရှိသူများ သည် အောက်တိုဘာ ၂၉ ရက်မှစတင်၍ သတ်မှတ်ထားသည့် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ရုံးများတွင် ကြိုတင်ဆန္ဒမဲ လာရောက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကြိုတင်ဆန္ဒမဲပေးရာတွင် အသက် ၆၀ နှင့်အထက် မဲဆန္ဒရှင်​ပြည်သူများ၊ မဲရုံများတွင် တာဝန် ထမ်းဆောင်မည့် လုံခြုံရေးဝန်ထမ်းများ၊ တာဝန်အရမဲဆန္ဒနယ်ပြင်ပတွင် တာဝန် ထမ်းဆောင်မည့် မဲဆန္ဒရှင်များနှင့် ကြိုတင်ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများ၏ ဆန္ဒမဲပေးမည့် အခွင့်အရေး မဆုံးရှုံးစေရန်အတွက် အောက်တိုဘာ ၂၉ ရက်နေ့မှ နိုဝင်ဘာ ၅ ရက်နေ့အထိ သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ရုံးများ၌ လာရောက်မဲပေးနိုင်ကြောင်း သိရသည်။

ပန်းတနော်မြို့နယ်တွင် ရပ်ကွက် ၄ ခုနှင့် ကျေးရွာအုပ်စု ၅၂ အုပ်စုရှိပြီး မဲရုံပေါင်း ၂၁၇ ရုံ လျာထား ဖွင့်လှစ်မည်ဖြစ်ရာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင် စုစုပေါင်း ၂၀၁၄၈၉ ဦးရှိကြောင်း မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။

 

မြို့နယ်(ပြန်/ ဆက်)