အလုံမြို့နယ် အသွားအလာကန့်ကတ်​စောင့်ကြည့်စင်တာ (Quarantine Centre) များသို့  နံနက်စာ၊ ​နေ့လည်စာ၊ ​ည​နေစာတို့အတွက်  ထမင်းဘူးများနှင့် စား​​သောက်ဖွယ်များလာ​ရောက်လှူဒါန်း

အလုံ   ​နိုဝင်ဘာ ၃

 ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် အ-ထ-က(၇)အလုံ နှင့်အ-ထ-က(၄)အလုံ  အသွားအလာကန့်သတ် စောင့်ကြည့်နေရာများရှိ အသွားအလာကန့် သတ်ထားသူများ၊ ကျန်းမာ ရေးဝန်ထမ်း များနှင့် စေတနာ့ဝန်ထမ်းများအတွက် ယမန်​နေ့က  နံနက်စာ၊ ​နေ့လည်စာ၊ ​ည​နေစာတို့အတွက်  ထမင်းဘူးများနှင့် စား​​သောက်ဖွယ်များလာ​ရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။

 ထိုသို့လှူဒါန်းရာတွင် အလှူရှင် ​စော​နောက်ရပ်ကွက် မိုး​ကောင်းဝင်းမိသားစုမှ နံနက်စာအတွက် ထမင်းဘူး(၂၅၀)ဘူး၊ ​နေ့လည်စာအတွက် ထမင်းဘူး(၂၅၀)ဘူး၊ ညစာအတွက် ထမင်းဘူး(၂၅၀)ဘူးစီနှင့် ​ကော်ဖီမစ်၊ ငှက်​ပျောသီးနှင့် မုန့်များကို  လှူဒါန်းခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်း လွှာများ ပြန်လည်​ပေးအပ်ခဲ့ကြောင်း  သိရသည်။

ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် အသွားအလာ ကန့်သတ်စောင့်ကြည့် နေရာများကို အ−ထ-က(၇)နှင့် အ-ထ-က(၄) အလုံတို့တွင် ဖွင့်လှစ်ဆောင်ရွက်ထားရာ အဆိုပါ အသွားအလာ ကန့်သတ်စောင့်ကြည့်နေရာများသို့ စေတနာရှင် အလှူရှင် များက နေ့စဉ်အလှူငွေ၊ ကာကွယ်ရေး သုံးပစ္စည်းများနှင့် စားသောက်စရာများကို နေ့စဉ်မပြတ် လာရောက် လှူဒါန်းလျက် ရှိကြောင်း သိရသည်။

တင်တင်ချို(အလုံ)