ထန်တလန်၌ မိုးအဆက်မပျက်ရွာသွန်းမှုကြောင့် သတလန်ကျေးရွာတွင် စပါးစိုက် လယ် ၂ ဧက ပျက်စီး

ထန်တလန်      နိုဝင်ဘာ      ၃

ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့နယ်၊ သီခွန်သုမ်အုပ်စု၊ သတလန်ကျေးရွာတွင် ယမန်နေ့ ညနေ အချိန်တွင် မိုးအဆက်မပျက်ရွာသွန်းမှုကြောင့် လဗာချောင်းရေကြီးကာ တောင်ကမ်းပါးပြိုကျပြီး စပါးစိုက်လယ် ၂ ဧက ခန့် ပျက်စီးခဲ့ကြောင်း  သိရသည်။

အဆိုပါ ပျက်စီးသွားသော စပါးစိုက်လယ် ၂ ဧက သည် သီခွန်သုမ်အုပ်စု၊ သတလန်ကျေးရွာနေ ဦး ရမ်နောလ်မှုန်လယ်ဖြစ်ပြီး ယခင်နှစ်က စပါးတင်း (၃၀၀)ခန့် ထွက်ရှိသည့် လယ်ဖြစ်ကြောင်း လယ်ပိုင်ရှင် ဦးရမ်နောလ်မှုန်ထံ မှ သိရသည်။

ဟရီလိန်း(ပြန်/ဆက်)