ရေနံချောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့အတည်ပြုလူနာ ၂ ဦးထပ်မံတွေ့ရှိ

ရေနံချောင်း နိုဝင်ဘာ ၃

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ ပိုးတွေ့ အတည်ပြု လူနာ ၂ ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း မြို့နယ်ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း သတင်းမှန်ပြန်ကြားရေးဆပ် ကော်မတီမှ အတည်ပြုထုတ်ပြန်ခဲ့သည်။

ယင်းပိုးတွေ့လူနာ ၂ ဦးမှာ ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်မှပြန်လာသူ ချိုင်းကျေးရွာအုပ်စု သရက်တောကျေးရွာမှ အသက်(၃၂)နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေး ရုံကြီးတွင် ယာဉ်မောင်းယာဉ်နောက်လိုက် ၁၅ ဦးအား RDT Test Kit ဖြင့်စစ်ဆေးရာရန်ကုန်မြို့ ဘုရင့်နောင်ကား ကြီးကွင်းမှပြန်လာသူ သူဌေးကုန်းရပ်ကွက် ဈေးတန်း ရပ်မှ  အသက်(၃၃)နှစ်အရွယ် အမျိုးသားတစ်ဦးတို့ဖြစ် သည်။

အဆိုပါပိုးတွေ့လူနာများမျာ ရန်ကုန်တိုင်းဒေသကြီးမှ ပြန်လာသူများဖြစ်ပြီး မြို့နယ် ပြည်သူ့ ဆေးရုံ သီးခြားအဆောင်တွင်ထားရှိ၍ လိုအပ်သည့်ဆေးကုသမှုများ ပြုလုပ်ပေးသွား မည်ဖြစ် ကြောင်း မြို့နယ်ဆရာဝန် ကြီးထံက သိရသည်။

ကိုစိုးကြီး