မိုင်းပန်မြို့နယ်အတွင်းရှိ မဲရုံများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ပစ္စည်းများဖြန့်ဝေ

 

မိုင်းပန်       နိုဝင်ဘာ      ၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်း‌ေခးခရိုင်၊ မိုင်းပန်မြို့နယ် အတွင်းရှိ  မဲရုံ(၂၆)ရုံအတွက် Coronavirus Diseases2019(COVID-19) ကာကွယ်ထိန်းချုပ်ရေး အမျိုးသား ဗဟိုကော်မတီမှ ပေးပို့လှူဒါန်းသော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးပစ္စည်းများဖြစ်သည့် KN 95(၁၁၈၆၀)ခု၊ Face Shield(ကိုင်း) (၁၄၀) ခု၊ Face Shield (ကော်ပြား) (၁၄၀) ခု၊ Surgical Gown (၇၀၀) ထည်၊ Medical  Cap (၄၂၀) ခု၊  PPE Level-3 (၈၄)ထည်၊ Surgical Gloves (၁၆၈)ခု၊ Protective Face Mask (၁၆၈)ခု၊ Goggles(၁၆၈)ခု၊ Boot (၅၆)ခုနှင့် PPE Coverall(M) (၈၄)ခု တို့ကို မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အတွင်းရေး မှူးများထံသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်၊ ရွေးကောက်ပွဲအရာရှိ ဒေါ်နန်းဆွယ်ငင်းနှင့် တာ၀န်ရှိသူများမှ အသီးသီးခွဲဝေပေးပြီးဖြစ်ကြောင်းသိရသည်။

မိုင်းပန်မြို့နယ်တွင် ရပ်ကွက်(၄)ရပ်ကွက်၊ ကျေးရွာအုပ်စု(၁၀)အုပ်စုရှိပြီး မဲရုံပေါင်း(၂၆)ရုံ နှင့် မဲဆန္ဒရှင် (၁၃၃၄၆) ဦးရှိကြောင်း သိရှိရပြီး နို၀င်ဘာလ (၂) ရက်နေ့အထိ စာရင်းများအရ မိုင်းပန်မြို့နယ် မဲဆန္ဒနယ် အတွင်းတွင် (၅)ရက်တာအတွင်း ကြိုတင်မဲလာရောက်ပေးပြီးသူ စုစုပေါင်း (၃၈၂၉) ဦးရှိကြောင်း သတင်း ရရှိသည်။

ဆန်းမြင့်(ပြန်/ဆက်)