မိုင်းဆတ်မြို့၌ နိုင်ငံခြားကြိုတင်မဲလက်မှတ်များအား မဲပုံးအတွင်းထည့်သွင်း၍ ချိတ်ပိတ်ခြင်းလုပ်ငန်း ဆောင်ရွက်

မိုင်းဆတ် နိုဝင်ဘာ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် နိုင်ငံခြားကြိုတင်မဲလက်မှတ်များအား မဲပုံးအတွင်းထည့်သွင်း၍ ချိတ်ပိတ်ခြင်းလုပ်ငန်း ဆောင်ရွက်ခြင်းကို ယမန်နေ့ ညနေ()နာရီခွဲက မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဒေါနယ်သိန်းက နိုင်ငံခြားကြိုတင်မဲလက်မှတ်များ ရေတွက်၍ ကြိုတင်ဆန္ဒမဲပုံးအတွင်း ထည့်သွင်းရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ပုံစံ၁-၁ဖြင့် လျှောက်ထားသည့် ကြိုတင်မဲ(၂)မဲနှင့် ပုံစံ၁-၃ဖြင့် လျှောက်ထားသည့် ကြိုတင်မဲ(၁၆)မဲတို့ကို တက်ရောက်လာသော နိုင်ငံရေးပါတီကိုယ်စားလှယ်(၆)ဦး ရှေ့၌ သက်ဆိုင်ရာ ကြိုတင်ဆန္ဒမဲ ပုံးအတွင်း ထည့်သွင်း၍ လုံခြုံရေးကြိုးများဖြင့် စနစ်တကျ ချိတ်ပိတ်၍ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြင့်မောင်(ပြန်/ဆက်)