မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး မြို့အဝင်/ထွက်ဂိတ်တွင် စဉ်ဆက် မပြတ် စစ်ဆေးဆောင်ရွက်

မိုင်းဆတ် နိုဝင်ဘာ ၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ  ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် မြို့အဝင်/ထွက်ဂိတ်တွင် စဉ်မပြတ်စစ်ဆေးဆောင်ရွက်လျက်ရှိသည်။

မြို့ဝင်၊ မြို့ထွက် ဂိတ်(၃)ဂိတ်မှ ယမန်နေ့က ဖြတ်သန်းသွားလာသောခရီးသွားပြည်သူ(၇၀)ဦးတို့ အား နှာခေါင်းစည်းများ တပ်ဆင်သွားလာရန် အသိပညာပေးခြင်း၊ ကိုယ်ပူချိန်တိုင်းတာ စစ်ဆေးခြင်းနှင့် ခရီးသွားရာဇဝင်များစစ်ဆေး၍ မှတ်တမ်းရယူခြင်း၊ သက်ဆိုင်ရာ ရပ်/ကျေး ထောက်ချက်ပါရှိ၊ မပါရှိစစ်ဆေးခြင်းများ၊ Mask တပ်ဆင်သွားလာရေး အသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။

ထိုသို့စစ်ဆေးဆောင်ရွက်ခြင်းကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ဆောင်ရွက်ရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့များနှင့် ကြက်ခြေနီ တပ်ဖွဲ့ဝင်များပူးပေါင်း၍ နေ့စဉ်နံနက်(၆)နာရီမှ ညနေ(၁၀)နာရီထိ  အလှည့်ကျ တာဝန်ချစနစ်ဖြင့် စောင့်ကြည့်စစ်ဆေးလျက်ရှိပြီး သံသယလူနာစစ်ဆေးတွေ့ရှိခြင်း မရှိကြောင်း သိရသည်။

မြင့်မောင်(ပြန်/ဆက်)