မိုင်းယောင်းမြို့၌ ကြိုတင်ဆန္ဒမဲပေးနေမှုများကို တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု

မိုင်းယောင်း  နိုဝင်ဘာ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် အသက်(၆၀)နှစ်နှင့်အထက် ဘိုးဘွားများ ကြိုတင်ဆန္ဒမဲ ပေးနေမှုများကို ယနေ့ နံနက်ပိုင်းက မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များက ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။

မိုင်းယောင်းမြို့နယ်ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးညီညီဝင်းသည် ကော်မတီဝင်များနှင့် တာဝန်ရှိသူများလိုက်ပါပြီး အသက်(၆၀)နှစ်နှင့်အထက် ဘိုးဘွားများ ကြိုတင်ဆန္ဒမဲပေးနေမှုအခြေအနေများ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ဆန္ဒမဲလာရောက်ပေးသည့် ဘိုးဘွားများအား နှာခေါင်းစည်း(Mask) တပ်ဆင်မှုရှိစေရေး၊ လက်သန့်ဆေးရည်ဖြင့် လက်ကို သန့်စင်ပေးနေမှုများကို  မဲရုံပြင်ပမှနေ၍ ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။

မိုင်းယောင်းမြို့နယ်တွင် ကြိုတင်ဆန္ဒမဲပေးခြင်းကို အောက်တိုဘာ ၂၉ ရက်နေ့မှ နိုဝင်ဘာ ရက်နေ့အထိ သတ်မှတ်ထားပြီး အသက်(၆၀)နှစ်နှင့်အထက် ဘိုးဘွားများ၊ မဲရုံတာဝန်ထမ်းဆောင်ကြမည့် ဆရာ၊ ဆရာမများ၊ ဌာနဆိုင်ရာများ၊ အထူးရဲများနှင့် ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများက သက်ဆိုင်ရာ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲရုံးများ၌ ကြိုတင်ဆန္ဒမဲများကို ပေးနေကြခြင်းဖြစ်ကြောင်း သိရသည်။

အားချာ(ပြန်/ဆက်)