ကြာအင်းဆိပ်ကြီးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်

ကြာအင်းဆိပ်ကြီး   နိုဝင်ဘာ  

 

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ်ခွင့်ပြု ရန်ပုံငွေများဖြင့် မြို့သန့်ရှင်းသာယာလှပစေရေး ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် မြို့တွင်းရပ်ကွက် များတွင် ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းများတူးဖော်ခြင်း အများပြည်သူများသွား လာမှုလွယ်ကူအဆင်ပြေစေရေးအတွက် လမ်းနှင့်တံတားများကို ဘဏ္ဍာနှစ်အလိုက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

ထိုသို့မြို့သာယာလှပ‌ဖွံ့ဖြိုးစေရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့်  ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို အမှတ်  () ရပ်ကွက်ရှိ အင်း ကြင်းလမ်းသွယ်()တွင် စတင်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

အဆိုပါကွန်ကရစ်လမ်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ကော်မတီမှ ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး လမ်းပေအရှည်(၉၀၀)ပေ အကျယ်(၁၂)ပေ ထုထည်အမြင့်()လက္မဖြစ်ပြီး ခွင့်ပြုရန်ပုံငွေကျပ် (၂၃.၄၈)သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

မျိုးမင်းဦး( ပြန်/ဆက်)