ပုဇွန်တောင်မြို့နယ် အ.လ.က(၃) Quarantine Centerတွင် Quarantine ဝင်ရောက်နေသောသူများ (၇)ရက်ပြည့်ပြီး ကိုဗစ်-၁၉ ရောဂါပိုး Negative ဖြစ်သူ (၅)ဦး နေအိမ်ပြန်ခွင့်ရ

ရန်ကုန် နိုဝင်ဘာ ၃

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ် အမှတ်(၃) အခြေခံပညာ အလယ်တန်းကျောင်းတွင် ဖွင့်လှစ်ထားသည့် Quarantine Center တွင် အနံမရသည့်လူနာများအား စောင့်ကြပ်ကြည့်ရှု့မှုများ ပြုလုပ်ခဲ့ရာ ၂၈.၁၀.၂၀၂၀ ရက်နေ့တွင် Quarantine ဝင်သည့် ကျား(၃) ဦး၊ မ(၂)ဦး ကိုဗစ်-၁၉ Negative အဖြေ ထွက်၍ စောင့်ကြည့်(၇)ရက်ပြည့်သဖြင့်  ယနေ့နံနက်(၁၀)နာရီခွဲအချိန်တွင် မိမိတို့၏နေအိမ် အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အိမ်ပြန်ခွင့်ရရှိသူများသည် မိမိတို့နေအိမ်တွင် (၇)ရက် ဆက်လက်စောင့်ကြည့် နေထိုင်သွားကြရန် မှာကြားပြီး ကျန်းမာရေးဌာနမှ ရောဂါပိုးကင်းရှင်းကြောင်း ထောက်ခံစာများကို ပေးအပ်ကာ အိမ်ပြန်ခွင့်ပေးခဲ့ကြောင်း သိရှိရပါသည်။ ပုဇွန်တောင် မြို့နယ်မှ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သူများ၏ Contact Person များ၊ အနံ့ပျောက်သူများကို Quarantine Center များ ဖွင့်လှစ်ထားရှိ စောင့်ရှောက်ပေးလျက်ရှိရာ  Contact Person များ ထားရှိရန် Quarantine Center()ခု၊  အ.ထ.က() နှင့်အ..က() ကျောင်းတို့ကို Quarantine Center များအဖြစ် အသုံးပြုလျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်

နေခြည်(ပြန်/ဆက်)