ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် Myanmar Rescue Kyaukse သို့ အလှူငွေ နှင့်ကျန်းမာရေးသုံးပစ္စည်များ လှူဒါန်း

ကျောက်ဆည်  နိုင်ဝင်ဘာ  ၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ကြက်မင်းတွန် ရပ်ကွက်ရှိ Myanmar Rescue Kyaukse လူမှုကူညီရေးအသင်းသို့ ယမန်နေ့ညနေ(၅)နာရီက အလှူငွေနှင့်ကျန်းမာရေးသုံးပစ္စည်းများ လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

လှူဒါန်းရာတွင် ကြက်မင်းတွန်ရပ်ကွက်မှ ကိုကျော်သူဝင်းနှင့် မသက်သက်ဦး မိသားစုမှ အလှူငွေ (၇၅၀၀၀)ကျပ်၊ ကိုကျော်ဆွေဦး မိသားစုက (၇၅၀၀၀)ကျပ်၊ ဆူးကုန်းရပ်ကွက်၊ ကိုတော်သူထွန်း မိသားစုက PPE ဝတ်စုံ(၁၀)စုံ၊ KN95 နှာခေါင်းစည်း (၅)ဖာ၊ လက်ဆေးရည်ဗူးအကြီး (၃)ဗူး၊ စေတသိတ် ပရဟိတလူငယ်အဖွဲ့က ငွေကျပ်(၁)သိန်း၊ ကြက်မင်းတွန်ရပ်ကွက်၊ ကိုစိုင်းငယ်နှင့်မချိုလွင် မိသားစုက အလှူငွေ(၇၅၀၀၀)ကျပ်၊ ဟံမြင့်မိုရ်ကျေးရွာ၊ တော်ဝင်သစ္စာ အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးမိသားစုက ငွေကျပ်(၃)သိန်း၊ ငါးဆူးကျေးရွာမှ ကိုသဲကိုကိနှင့်မခင်မျိုးဝင် မိသားစုက PPE ဝတ်စုံ(၅)စုံ၊ ဆူးကုန်းရပ်ကွက် ကိုကျော်ထွေးမှ (၃၅၀၀၀)ကျပ်၊ မစိုးစိုးအေးမှ (၃၅၀၀၀)ကျပ်၊ ရဲစုရပ်ကွက်မှ ဦးဝင်းဇော်+ဒေါ်မိုးမိုးသန်း မိသားစုက ငွေကျပ်(၁)သိန်း၊ ဆည်ထိပ်ထန်းတောရပ် ဦးစိန်ဌေး+ဒေါ်ခင်မြင့်ကြည် မိသားစုမှ ငွေကျပ်(၇၅၀၀၀)ကျပ် အား လှူဒါန်းကြရာ အသင်းဥက္ကဋ္ဌ ဦးဟန်မျိုးအောင်နှင့် တာဝန်ရှိသူတို့က လက်ခံရယူခဲ့ကြောင်း သိရှိရသည်။

Myanmar Rescue Kyaukse အနေဖြင့် လက်ခံရရှိသည့် အလှူငွေများနှင့်ကျန်းမာရေးသုံးပစ္စည်းများကို ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေး လုပ်ငန်းများတွင် စနစ်တကျသုံးစွဲသွား မည်ဖြစ်ကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)