တံတားဦးမြို့ ပြည်သူ့ဆေးရုံသို့ Monitor စက်တစ်လုံးနှင့် အောက်ဆီဂျင်အိုးနှစ်လုံးလှူဒါန်း

တံတားဦး နိုဝင်ဘာ  

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြည်သူ့ဆေးရုံသို့    Monitor စက်တစ်လုံးနှင့်  အောက်ဆီဂျင်အိုး နှစ်လုံးလှူဒါန်းခြင်းကို ယနေ့နံနက်()နာရီက မြို့နယ် ဆေးရုံအတွင်း၌ ကျင်းပကြောင်းသိရသည်

လှူဒါန်းပွဲတွင် တံတားဦးမြို့ အမှတ်()ရပ်ကွက် ရေလည်ရပ်နေ ကွယ်လွန်သူ ဦးသက်တင်၏ (၂၇)နှစ်မြောက် နှစ်ပတ်လည်နေ့အဖြစ် ဒေါ်တင်အောင် (‌ရွှေဆင် -မိသားစု )မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အတွက် ငွေကျပ် (၁၂)သိန်းတန်ဖိုးရှိ Monitor စက်တစ်လုံးနှင့် ငွေကျပ် ()သိန်း()သောင်းတန်ဖိုးရှိ အောက်ဆီဂျင်အိုး()လုံးကို လာရောက်လှူဒါန်းရာ လက်ထောက်ဆရာဝန် ဒေါက်တာမြကေသွယ်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်

တံတားဦးမြို့နယ် ပြည်သူ့ဆေးရုံတွင် ကျန်းမာရေးလုပ်ငန်းများဆောင်ရွက်ရာ၌ လိုအပ်သော ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများကို လာရောက်လှူဒါန်းကြသော အလှူရှင်ကို  ကျေးဇူးတင်ရှိပါကြောင်းနှင့် လှူဒါန်းသော စက်ပစ္စည်းများကို စနစ်တကျ အသုံးပြုသွားမည် ဖြစ်ကြောင်း သိရှိရသည်။

 

ရဲတင့်(တံတားဦး-ပြန်/ဆက်)