ရန်ကင်းမြို့နယ်တွင် အသား၊ငါး ဟင်းသီးဟင်းရွက်များနှင့် စားသောက်ကုန်များရွှေ့လျားယာဉ်ဖြင့် ဒုတိယအကြိမ်လာရောက်ရောင်းချပေး

ရန်ကင်း နိုဝင်ဘာ

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် ပြည်ထောင်စုမြန်မာနိုင်ငံကုန်သည်များ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်တို့မှကြီးမှူး၍ ညီနောင်လုပ်ငန်းရှင်အသင်းများမှ ပြည်သူများဈေးနှုန်း သက်သာစွာဖြင့် ဝယ်ယူစားသုံးစေနိုင်ရေး၊ မိမိတို့၏နေအိမ်မှဝေးကွာနေသော ဈေးများသို့ သွားရောက် ဝယ်ယူမှုမရှိစေရေး၊ ကူးစက်ရောဂါကာကွယ်စေနိုင်ရေးတို့အတွက် ယမန်နေ့နံနက် ()နာရီမှ (၁၀)နာရီ အထိ ရန်ကင်းမြို့နယ် အမှတ်()ရပ်ကွက်၊ ရန်နိုင်လမ်းသွယ် () နှင့်   အမှတ်()ရပ်ကွက်၊ (၁၂)လုံးတန်း မီးပွိုင့်အနီးတွင် အသား ငါး၊ ကြက် ဟင်းသီးဟင်းရွက်များနှင့်စားသောက်ကုန်များအား စျေးကားများ ဖြင့်လာရောက်ရောင်းချပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့လာရောက်ရောင်းချရာနေရာ သို့ ရန်ကင်းမြို့နယ်စည်ပင်သာယာကော်မတီအဖွဲ့မှတာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က သတ်မှတ်စည်းကမ်းများနှင့်အညီ စနစ်တကျရောင်းချပေးနိုင်ရေး ပူးပေါင်း ပါဝင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ရန်ကင်းမြို့နယ်တွင် စျေးကားများဖြင့်လာရောက်ရောင်းချမှုမှာ ယခုသည် ဒုတိယအကြိမ်မြောက် လာရောက် ရောင်းချပေးခြင်း ဖြစ်ပြီး ထိုကဲ့သို့ ရွှေ့လျားဈေး (Mobile market ) ရောင်းချ​ပေးခြင်းကို အပတ် စဉ် ရောင်းချပေးသွားမည်ဖြစ်ကြောင်းလည်း မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ သိရှိရသည်။

 

ခင်လေး(ပြန်/ဆက်)