ဘောဂလိမြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး ကွင်းဆင်း ဆောင်ရွက်

  ဘောဂလိ  နိုဝင်ဘာ  ၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်  ဘောဂလိမြို့တွင်  ၂၀၂၀ပြည့်နှစ်  နိုဝင်ဘာလ  (၈)ရက်နေ့၌ ကျင်းပပြုလုပ်မည့်   ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ  အောင်မြင်စွာ  ကျင်းပနိုင်ရေးနှင့်  ပြည်သူများ  မီးဘေးအန္တရာယ်ကင်းရှင်းစွာဖြင့်   ဆန္ဒမဲပေးနိုင်ရန်၊ မဲရုံများ မီးဘေး အန္တရာယ်ကင်းဝေး  စေရန်ရည်ရွယ်၍  မီးဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက်   အသိပညာပေး ကွင်းဆင်းဆောင်ရွက် ခြင်းကို  ဘောဂလိမြို့မီးသတ်ဦးစီးဌာနမှ   အရှိန်အဟုန် မြှင့်ဆောင်ရွက်လျက်ရှိကြောင်း  သိရှိရသည်။

ထိုသို့ဆောင်ရွက်ရာတွင်   မြို့မီးသတ်ဦးစီးဌာနမှ  တပ်ကြပ်ကြီးဦးနိုးအာနှင့်  မီးသတ်တပ်ဖွဲ့ဝင်များက  လူနေအိမ်များနှင့်  ဈေးဆိုင်များတွင်  မီးသုံးစွဲမှုအခြေအနေစစ်ဆေးခြင်း၊  မီးသတ် ဆေးဗူး  အသုံးပြု၍  မီးငြိမ်းသတ်နည်းစနစ်များကို   လက်တွေ့ပြသခြင်း၊  မြို့ပေါ်ရပ်ကွက်များတွင်  မီးဘေးအန္တရာယ်  အသိပညာပေးလိုက်လံဆော်ဩခြင်း၊  ပေါက်ကွဲ  လွယ်သော လောင်စာဆီများ  သိုလှောင်ခြင်းရှိ/မရှိ  စစ်ဆေးခြင်းနှင့်  မီးဘေးအန္တရာယ်  မဖြစ်ပေါ်စေရေးအတွက်   ကြိုတင်ကာကွယ်ရေးအသိပညာပေး  လုပ်ငန်းများ  ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ဘောဂလိ (ပြန်/ဆက်)