မအူပင်မြို့မရဲစခန်းတွင်တာဝန်ထမ်းဆောင်သည့်ရဲတပ်ဖွဲ့ဝင်များနှင့်အချုပ်သားများအား ကိုဗစ်- ၁၉ရောဂါပိုး ကူးစက်မှုရှိ/ မရှိစစ်ဆေး

 

မအူပင် နိုဝင်ဘာ ၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် မြို့မရဲစခန်းတွင် တာဝန်ထမ်းဆောင်သည့် ရဲတပ်ဖွဲ့ဝင်များနှင့် အချုပ်သားများအား ကိုဗစ်- ၁၉ရောဂါပိုးကူးစက်မှု ရှိ/ မရှိ ကို မအူပင်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ခင်မာစိုးနှင့်ကျန်းမာရေးဝန်ထမ်းများက RDT( Test Kit) ဖြင့် နိုဝင်ဘာ ၂ ရက် ည ၈ နာရီက မအူပင်မြို့ မြို့မရဲစခန်းတွင် စစ်ဆေးဆောင်ရွက်ခဲ့သည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါပိုး ကူးစက်မှု ရှိ/ မရှိစစ်ဆေးရာတွင် မအူပင်မြို့နယ်ရဲတပ်ဖွဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဝင်းနှင့်မြို့မရဲစခန်းမှူး ဒုရဲမှူး သိန်းနိုင်ဝင်းနှင့်တာဝန် ရှိတပ်ဖွဲ့ဝင်များက ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏လမ်းညွှန်ချက်နှင့်အညီ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး စစ်ဆေးချက်အရ မအူပင်မြို့ မြို့မရဲစခန်း တပ်ဖွဲ့ဝင်(၂၈) ဦးနှင့်အချုပ်သား(၁၀)ဦးစုစုပေါင်း(၃၈)ဦး၏အဖြေမှာAll Negative ဖြစ်ကြောင်း ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှသိရသည်။

အောင်ခိုင်၊(မအူပင်)