ကန့်ဘလူ နိုဝင်ဘာ ၃
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အသက် နှစ်လ မှ တစ်နှစ်ခွဲထိကလေးငယ်များကိုကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းနှင့်ကိုယ်ဝန်ဆောင်မိခင်များအားကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို နိုဝင်ဘာ ၃ ရက် နံနက် ၈ နာရီခွဲက အမှတ်(၃) ရပ်ကွက် ညောင်အိုင်ဘုန်းတော်ကြီးကျောင်း၌ ပုံမှန်ကာ ကွယ်ဆေးထိုးနှံတိုက်ကျွေးပေး လျက်ရှိကြောင်း သိရသည်။
ထိုသို့ ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးရာတွင် အသက် နှစ်လ မှ တစ်နှစ်ခွဲ ထိ ကလေး ငယ်များအား အသက်အရွယ်အလိုက် ဘီစီဂျီ၊ ဆုံဆို့နာ၊ မေးခိုင် ၊ကြက်ညှာ၊ အသည်းရောင် အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင်၊ (ငါးမျိုးစပ်) ကာကွယ်ဆေးများကို ထိုးနှံ တိုက်ကျွေး ခြင်းများဆောင်ရွက်လျက်ရှိပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးများအားမေးခိုင်-ဆုံဆို့ ကာကွယ် ဆေး ထိုးခြင်း တို့ကို ကိုဗစ်ကာလ ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက် ပေး လျက်ရှိကြောင်း ဘက်စုံသားဖွားဆရာမ ဒေါ်သီတာက ပြောသည်။
ဆက်လက်၍ နိုဝင်ဘာ ၄ ရက်တွင် အမှတ်(၄) ရပ်ကွက် ဓမ္မာရုံ၌ ထိုးနှံပေးသွား မည်ဖြစ်ပြီး၊ အခြားရပ် ကွက်၊ကျေးရွာများတွင်လည်း ကာကွယ်ဆေးထိုးလုပ်ငန်းများကို သက်ဆိုက်ရာ ကျန်းမာရေး ဝန်ထမ်းများက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)