ရေဖြူမြို့နယ် မီးသတ်ဝန်ထမ်းအိမ်ရာ အသွားအလာ စောင့်ကြည့်ရေးစခန်းအတွက် အလှူ‌ငွေများလှူဒါန်း

ရေဖြူ နိုဝင်ဘာ ၄

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ (ခ)ရပ်ကွက်ရှိ မီးသတ်ဝန်ထမ်းအိမ်ရာ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသွားအလာစောင့်ကြည့်ရေးစခန်းအတွက် နိုဝင်ဘာ ၂ရက်နေ့ ည‌နေ့ကပိုင်းတွင် အလှူရှင်များက အလှူငွေများလာရောက်လှူဒါန်းခဲ့ကြသည်။

ထိုသို့ လှူဒါန်းရာတွင် ရေဖြူမြို့နယ် ပညာရေးဝန်ထမ်းမိသားစုက အလှူငွေ (၂၈၀၀၀၀)ကျပ်ကိုလည်းကောင်း၊ ရေဖြူမြို့နယ် မီးသတ်ဦးစီးဌာန ဝန်ထမ်းမိသားစုက အလှူငွေ(၅၅၀၀၀)ကျပ် ကိုလည်းကောင်း ပေးအပ် လှူဒါန်းရာ ရေဖြူမြို့ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး ယာယီစောင့်ကြည့်ရေးစခန်းတာဝန်ခံ (ခ)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်မိုးလက်ခံရယူခဲ့ကြောင်းသိရသည်။

ရေဖြူမြို့နယ်မီးသတ် ဝန်ထမ်းအိမ်ရာ အသွားအလာစောင့်ကြည့်ရေးစင်တာတွင် နိုင်ငံခြားနှင့် ပြည်တွင်းမှ ပြန်‌‌ရောက်လာသူတို့ကို ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိကာ စေတနာရှင် အလှူရှင်များက အလှူငွေ၊ ရောဂါကာကွယ်ရေးသုံးပစ္စည်းများနှင့်စားသောက်စရာများကို‌ လာရောက်လှူဒါန်းကြကြောင်း(ခ)ရပ်ကွက် အုပ်ချုပ်ရေးမှူးဦး‌ကျော်မိုးထံမှ သိရသည်။

ဖြူဖြူရှိန် (ရေဖြူပြန်/ဆက်)