ပန်းတောင်း နိုဝင်ဘာ ၄
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ၂၀၂၀ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများသည် အောက်တိုဘာ ၂၉ ရက်နေ့မှစ၍ သတ်မှတ်ထားသည့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကြိုတင် ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါကြိုတင်ဆန္ဒမဲပေးရာတွင် အသက်၆၀နှင့် အထက်မဲဆန္ဒရှင်ပြည်သူများ၊ မဲရုံများတွင် တာဝန်ထမ်း ဆောင်သည့် လုံခြုံရေး ဝန်ထမ်းများ တာဝန်အရ မဲဆန္ဒနယ်ပြင်ပတွင် တာဝန်ထမ်းဆောင် မည့် မဲဆန္ဒရှင်များနှင့် ကြိုတင်ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူများ၏ ဆန္ဒမဲပေးမည့် အခွင့်အရေး မဆုံးရှုံးစေရန်အတွက် အောက်တိုဘာ၂၉ ရက်မှ နိုဝင်ဘာ ၅ ရက်နေ့အထိ သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ရုံးများ၌ လာရောက်မဲပေးနိုင်ကြောင်း သိရသည်။
ကိုဗစ်ကာလဖြစ်သည်နှင့်အညီ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ၊ ကုသရေးဆိုင်ရာ ညွှန်ကြား ချက်များနှင့်အညီ မဲဆန္ဒရှင်ပြည်သူများအားပါးစပ်၊ နှာခေါင်း စည်း(Mask)များ တပ်ဆင်လာစေပြီး ဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။
သင်းသင်းအေး (ပြန်/ဆက်)