ဘိုကလေး နိုဝင်ဘာ ၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးခြင်းကို ရပ်ကွက်/ ကျေးရွာအုပ်စုများရှိ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် အောက်တိုဘာ (၂၉)ရက်နေ့မှ စတင်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် ကြိုတင်ဆန္ဒမဲပေးခြင်းလုပ်ငန်းများ ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။
အဆိုပါ ကြိုတင်ဆန္ဒမဲ ပေးခြင်းလုပ်ငန်းအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှုနှင့်အညီ လုပ်ငန်းအောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်နှင့် ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့များ၊ ပါတီကိုယ်စားလှယ်များ ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး ကြိုတင်ဆန္ဒမဲ လက်မှတ်ထည့်သွင်းမည့် မဲပုံးများအား လုံခြုံရေးကြိုး များဖြင့် ချိတ်ပိတ်ဆောင်ရွက်ထားခဲ့ကြကြောင်း၊ နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲနေ့တွင် မဲဆန္ဒနယ်ပြင်ပသို့ရောက်ရှိနေကြမည့် နိုင်ငံ့ဝန်ထမ်းများ၊ မဲရုံတာဝန် ထမ်းဆောင်ကြရမည့်သူများ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ဆေးရုံအတွင်းလူနာအဖြစ် ဆေးဝါးကုသမှုခံယူနေရသူများ၊ မသန်စွမ်းသူများနှင့် သက်ကြီးရွယ်အိုများ ကြိုတင်ဆန္ဒမဲပေးနိုင်ရန် စီစဉ်ထားရှိကြောင်းနှင့် သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းကြသူများအတွက် အိမ်တိုင်ရာရောက် ကြိုတင်ဆန္ဒမဲ လိုက်လံကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့များထံမှ သိရသည်။
မိုးစက်(ဘိုကလေး