ကျောင်းကုန်း၌ ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးကော်မတီမှ မဲရုံပြင်ဆင်ထားမှု ကြည့်ရှုစစ်ဆေး

ကျောင်းကုန်း  နိုဝင်ဘာ 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှု ကော်မတီမှ မဲရုံပြင်ဆင်ထားမှုကို ယမန်နေ့မွန်းလွဲပိုင်းက လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

ကျောင်းကုန်းမြို့နယ်၊ လှေကွဲလဟာအုပ်စု၊ အ.မ.က ကျွန်းချောင်းရှိ မဲရုံပြင်ဆင်ထားမှုအခြေအနေ၊ မီးအလင်းရောင်ရရှိမှု အခြေအနေ၊ ဆန္ဒမဲလက်မှတ်များအား မြို့ပေါ်သို့ ပို့ဆောင်ရန် အခြေအနေတို့ကို လုံခြုံမှုရှိစေရေး ဆွေးနွေးခဲ့သည်။

အလားတူ ဒေါင့်ကြီးကျေးရွာနှင့် ထန်းတပင်ကျေးရွာတို့သည် မြို့နှင့်အဝေးဆုံး၌ တည်ရှိနေသဖြင့် သွားရေးလာရေး လုံခြုံစိတ်ချမှုရှိစေရန် ကြိုတင်ပြင်ဆင်ထားနိုင်စေရေး လှည့်လည်ကြည့်ရှု စစ်ဆေး ခဲ့ကြသည်။

အဆိုပါအဖွဲ့တွင် မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးဝင်း၊ ဒုတိယဥက္ကဋ္ဌ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းရွှေတို့က ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး စနစ်တကျဖြင့် အောင်မြင်စွာ ကျင်းပနိုင်ရေး  အလေးထား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)