ငွေဆောင်မြို့၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

ငွေဆောင်  နိုဝင်ဘာ ၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရုံးခန်းမ၌ ပြုလုပ်သည်။

ရှေးဦးစွာ မြို့အုပ်ချုပ်ရေးမှူး ဦးဝဏ္ဏဝင်းက ငွေဆောင်မြို့တွင်အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် ကြိုတင်ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ ဌာနဆိုင်ရာများ အနေဖြင့် ပေါင်းစပ်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် မဲရုံများ ကြိုတင်ပြင်ဆင် ဆောင်ရွက် ထားရှိမှု အခြေအနေများကို ပြောကြားသည်။

ထိုနောက် ဌာနဆိုင်ရာများမှ ပါတီစုံဒီမိုကရေစီ အထွေထွေရွေး​ကောက်ပွဲ၌ ပါဝင်ဆောင်ရွက်ရမည့် ကဏ္ဍများအလိုက် ရှင်းလင်းတင်ပြရာ အသီးသီး ဝိုင်းဝန်းမေးမြန်းဆွေးနွေးခဲ့ကြောင်းနှင့် ငွေဆောင်မြို့တွင် မဲရုံ(၂၃)ရုံရှိပြီး မဲဆန္ဒရှင်စာရင်းအရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပေါင်း (၂၄၇၄၂)ဦး ရှိကြောင်းသိရသည်။

မှုမှုသွင်(ပြန်/ဆက်)