ရေဖြူမြို့နယ်၌ မဲရုံများအား မီးဘေးလုံခြုံမှုရှိစေရေးကွင်းဆင်းစစ်ဆေး

ရေဖြူ နိုဝင်ဘာ ၄

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်ပါတီစုံ ဒီမိုကရေစီ အထွေထ ွေရွေးကောက်ပွဲကျင်းပမည့် နိုဝင်ဘာ ၈ ရက်နေ့၌ တည်ငြိမ်အေးချမ်းစွာ ဆန္ဒမဲပေးနိုင်ရေး ရည်ရွယ်၍ မီးသတ် တပ်ဖွဲ့ဝင်များက မီးဘေးလုံခြုံမှု ရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက်၉ နာရီတွင် ဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။

၂၀၂၀ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ တည်ငြိမ်အေးချမ်းစွာဆန္ဒမဲပေးနိုင်ရေး ကြိုတင် စီစဉ်ထားသောမဲရုံများ မီးဘေးအန္တရာယ်ဖြစ်ပွားမှုမရှိစေရန်နှင့် ပတ်ဝန်းကျင်တွင် မီးဘေးမတော်တဆ ဖြစ်ပွားမှုရှိခဲ့ပါက အလွယ်တကူမီးငြိမ်းသတ်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ထားမှုအခြေအနေများ ကြည့်ရှုစစ်ဆေးခြင်း နှင့်ပညာပေး လုပ်ငန်းများဆောင်ရွက်ခဲ့သည်။ အဆိုပါစစ်ဆေးဆောင်ရွက်ခြင်းကို ရေဖြူမြို့ မီးသတ်ဦးစီးဌာန ဒု-ဦးစီးမှူး ဦးကျော်မျိုးထွန်း၊ ရပ်ကွက်/ကျေးရွာရွေးကောက်ပွဲကော်မရှင်အသီးသီးတွင်တာဝန်ထမ်းဆောင်ကြ မည့်မဲရုံမှူး၊ ဒုမဲရုံမှူးများ၊ရဲတပ်ဖွဲ့ဝင်များအား မီးသတ်ဆေးဘူးအသုံးပြုနည်းအဆင့်ဆင့်ကို အသေးစိတ်ရှင်းလင်း သရုပ်ပြခဲ့ကြောင်း သိရသည်။

ဖြူဖြူရှိန် (ရေဖြူ ပြန်/ဆက်)