(၃၂)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်း သန့်ရှင်းရေးပြုလုပ်

ငွေဆောင်  နိုဝင်ဘာ ၄

ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့ တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ (၇) ရက်နေ့တွင် ကျရောက်မည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(၃၂)နှစ်မြောက် နှစ်ပတ်လည်နေ့ကို ကြိုဆို ဂုဏ်ပြုသော အားဖြင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများကို ယနေ့နံနက် ၈ နာရီအချိန်က ငွေဆောင်မြို့၊ ဘူးကွဲတောင်ပေါ်ရှိ နဂါးရုံဘုရားတွင် စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

ထို့သို့ ဆောင်ရွက်ရာတွင်  မြို့အုပ်ချုပ်ရေးမှူးဦးဝဏ္ဏဝင်းနှင့်ထွေအုပ်ဝန်ထမ်းများ ၊ မီးသတ်တပ်ဖွဲ့ ဝင်များ၊ စည်ပင်သာယာရေးဝန်ထမ်းများမှ ပူးပေါင်းကာ နဂါးရုံဆုတောင်းပြည့် ဘုရား ပရဝုဏ် အတွင်း/အပြင်တို့တွင် မြက်ပင်များအမှိုက်များအားရှင်းလင်းပေးခြင်း၊ ဘုရားရင်ပြင်တော် သန့်ရှင်း ရေးပြုလုပ်ခြင်း၊ တောင်တက်လမ်းရှိလှေကားများအား သန့်ရှင်းရေးပြုလုပ်ခြင်းများ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

မူမူသွင် (ပြန်/ဆက်)