တာလေမြို့၌ မိုးရွာသွန်းမှုကြောင့် တောင်သူများ စပါးရိတ်သိမ်းရန် အခက်ကြုံ

တာလေ        နိုဝင်ဘာ      ၄

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ရှိ ဒေသခံပြည်သူများ၏ အဓိက စီးပွားရေးမှာ စပါးစိုက်ပျိုးထုတ်လုပ်မှုဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်အတွင်း တောင်သူများ စိုက်ပျိုးထားသော လယ်ယာစပါးများ ရိတ်သိမ်းနေချိန် ယခုရက်ပိုင်း၌ မိုးရွာသွန်းမှုကြောင့် တောင်သူများ စပါးရိတ်သိမ်းရန် အခက်ကြုံနေရကြောင်း သိရသည်။

တာလေမြို့ရှိ ဒေသခံပြည်သူများ စိုက်ပျိုးထားသော လယ်ယာစပါးများသည် ဝင်းမှည့်၍ ရိတ်သိမ်းချိန် ကျရောက်ပြီဖြစ်ရာ နေသာချိန်တွင် လမ်းဘေးဝဲယာရှိ လယ်များမှာ ရိတ်သိမ်းခြွေလှေ့ စက်ကြီးများအသုံးပြု၍ ရိတ်သိမ်းနိုင်ကြောင်း သိရသည်။

အဆိုပါ လယ်စပါးများရိတ်သိမ်းရာတွင် လမ်းနှင့်အတွင်းပိုင်းရှိ လယ်ယာများတွင် စက်ကြီး ဝင်ရောက်ရန် ခက်ခဲသောကြောင့် ရိတ်သိမ်းရာတွင် ဒေသမှ လူအင်အားကို အသုံးပြုရခြင်း၊ လယ်ကွင်းများတွင် ရေများဝပ်နေခြင်းတို့ကြောင့် စပါးပုံရန်အခက်အခဲများ ကြုံနေရခြင်းနှင့် ခြွေလှေ့ သယ်ယူရန် အခက်ခဲများရှိနေခြင်းနှင့် မိုးရွာသွန်းမှုကြောင့် စပါးရိတ်သိမ်းရန် ကျန်ရှိနေသော တောင်သူအများအပြားရှိနေကြောင်း တာလေမြို့ရှိ စပါးစိုက်တောင်သူ တစ်ဦးထံမှ သိရှိရသည်။

အောင်ကျော်မိုး (ပြန်/ဆက်)