သန်လျင်မြို့နယ်မှအခြေခံပြည်သူများအတွက် စားသောက်ကုန်များ ဈေးနှုန်းသက်သာစွာရောင်းချပေးလျက်ရှိ

သန်လျင်  နိုဝင်ဘာ

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ညီနောင်အသင်းများက ကိုဗစ်ကပ်ရောဂါကာလ အတွင်းစားဝတ်နေရေးအဆင်ပြေစေရန်၊ သန့်ရှင်းလတ်ဆတ်  သောကုန်ပစ္စည်းများဝယ်ယူရရှိစေရန်၊ သက်သာသောနှုန်းထားများဖြင့် ယနေ့နံနက် နာရီတွင် သန်လျင်မြို့ ဖို့မြေလမ်းမကြီးတွင် အခြေခံစားသောက်ကုန်များဖြစ်သော  ဆန်၊ဆီ၊ကြက်ဥ၊ ကြက်သားနှင့် ရေထွက်ကုန် ပစ္စည်းများကိုရောင်းချပေးလျက်ရှိရာ အိမ်ရှင်မများနှင့်ပြည်သူများစနစ်တကျ ဝယ်ယူလျက်ရှိသည်ကိုတွေ့ရသည်။

အဆိုပါဈေးကားများဖြင့်လာရောက် ရောင်းချသော အသင်းအဖွဲ့များနှင့်ဈေးဝယ်လာပြည်သူများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ညွှန်ကြားချက်များနှင့် အညီရောင်းချ ဝယ်ယူနိုင်ရေးအတွက် သန်လျင်မြို့နယ်စည်ပင် သာယာရေးကော်မတီဥက္ကဌဦးရဲမြင့်နှင့် ကော်မတီဝင်များ၊မြို့နယ် စည်ပင်သာယာရေး အဖွဲ့အမှုဆောင်အရာရှိ ဦးသိုက်စိုးနှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများကကူညီဆောင်ရွက်ပေးလျက်ရှိသည်။ ဈေးဝယ်လာသူမြို့မ တောင်ရပ်ကွက်မှဒေါ်မြင့်မြင့်ထွေးက ယခုကဲ့သို့ဈေးကားများ လာရောက်ရောင်းချ ပေးမှုအားကြိုဆိုပါကြောင်း၊ သန့်ရှင်းလတ်ဆတ်သော မီးဖိုချောင်သုံး ပစ္စည်းများဈေးနှုန်း သက်သာစွာဝယ်ယူ ခွင့်ရရှိတဲ့ အတွက် စီစဉ်ပေးသော အဖွဲ့များအားကျေးဇူးတင်ရှိကြောင်းပြောသည်။

  အဆိုပါဈေးကားများသည်သန်လျင်မြို့ဖို့မြေလမ်းတွင်နံနက် နာရီမှ ၁၀ နာရီထိရောင်းချပေးပြီးနံနက် ၁၀ နာရီမှ ၁၂ နာရီထိသန်လျင်မြို့သောက်တော် တွင်းရပ်ကွက်နံသာကုန်း()လမ်းမကြီးတွင် ဆက်လက်ရောင်းချ ပေးသွားမည်ဖြစ် ကြောင်းသိရသည်။

သန်းဝင်း(သန်လျင်)