အင်္ဂပူ နိုင်ဝင်ဘာ ၄
အင်္ဂပူမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ယမန်နေ့ နေ့လယ်ပိုင်းက အင်္ဂပူမြို့နယ် ကျီကြီးကျေးရွာအုပ်စု၊ တူးမြောင်းကျေးရွာ၊ စီပင်ကျေးရွာအုပ်စု၊ တဲကြီးကုန်းကျေးရွာနှင့် ကျောင်းကွင်း ကျေးရွာအုပ်စု၊ အကျကွင်းကျေးရွာတို့တွင် (၃၀-၁၀-၂၀၂၀)ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့သော လူနေအိမ်နှင့် အိမ်ထောင်စုဝင်များအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ပေးအပ်ခြင်းကို အင်္ဂပူမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက တစ်စိတ်တစ်ပိုင်း ပျက်စီးလူနေအိမ်(၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၉၀၀၀၀) ကျပ်နှင့် အိမ်ထောင်စု(၄)စုရှိ လူဦးရေ(၂၂)ဦးတို့အတွက် တပတ်စာ ဆန်ရိက္ခာဖိုး (၄၆၂၀၀)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၂၃၆၂၀၀)ကျပ်ကို ဘေးသင့် ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
မန်းကျော်(ပြန်/ဆက်)